International News

ကာတာနိုင်ငံသို့ အေးခဲပင်လယ်စာများတင်သွင်းမှု ယာယီရပ်ဆိုင်း

Last Updated:

ကာတာနိုင်ငံ၊ အစားအသောက်ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ၁-၁၁-၂၀၂၂ ရက်မှစတင်၍ကာတာနိုင်ငံသို့ မြန်မာ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ နီပေါနှင့် အာဖဂန်နစ္စတန်နိုင်ငံများမှအေးခဲပင်လယ်စာများတင်သွင်းခြင်းကို ယာယီရပ်ဆိုင်းထားသည်ဟု ဆော်ဒီအာရေဗျနိုင်ငံရှိ ကာတာသံရုံးမှတစ်ဆင့်အကြောင်းကြားလာပါသည်။ Fibrio Cholera ဘက်တီးရီးယားနှင့် အေးခဲရေထွက်ကုန်များ၏ ညစ်ညမ်းမှုအန္တရာယ်များကို လေ့လာစောင့်ကြည့်ပြီး ပြည်သူ့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုအစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကာတာနိုင်ငံသို့လာရောက်မည့်ခရီးသွားများအား အေးခဲပင်လယ်စာများ သယ်ဆောင်ခြင်း၊ ချက်ပြုတ်ထားခြင်းမရှိသော ပင်လယ်စာများသယ်ဆောင်ဝင်ရောက်ခြင်းကို ၁၀-၁၁-၂၀၂၂ ရက်မှစ၍ ယခုနှစ်ကုန်ကာလအထိ တားမြစ်ထားပါသည်။ ၂၃-၉-၂၀၂၂ ရက်မှ ယနေ့အထိ အခြားပင်လယ်စာအမျိုးအစားတင်ပို့မှုများအပြင် အေးခဲပုစွန်များတွင် တွေ့ရှိရသော Fibrio Choleraဘက်တီးရီးယားကြောင့် ကာလဝမ်းရောဂါပြန့်ပွားမှုကာကွယ်ရန်အတွက် ဤစီမံကိန်းကိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

 

 

လဲ့လဲ့နှင်း (MYANTRADE)

Category: International News